soe win naing
soe win naing

နိုင်ငံရေး ငြိမ်းချမ်းရေး နှင့် ကျား /မ ရေးရာတန်းတူညီမျှမှုက ဆက်စပ်မှုတစ်ခုလိုဖြစ်လာခဲ့သည်။ မိမိတို့နိုင်ငံအတွင်း နှစ်ပေါင်း ၂၀ ကျော် စစ်အုပ်ချုပ်ရေးနှင့်ဖိနှိပ်အုပ်ချုပ်ခဲ့မှုကြောင့် ကလေးသူငယ်များ၊အမျိုးသမီးများ ၊အမျိုးသားများမှာ ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ကြရသည်၊ ဒီလိုပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ရမှုများတွင် အမျိုးသမီး ၇ဝ%ပါဝင်သည်။ ထိုသို့ဆုံးရှုံးမှုများကြောင့် ကျား/မတန်းတူညီမျှရေးတွင် အမျိုးသမီးများ၏စမ်းဆောင်ရည်ပိုမိုလိုအပ်လျှက်ရှိသောကြောင့် မြောက်ဉီးမြို့နယ် ကျေးရွာများတွင် အမျိုးသမီးများစွမ်းဆောင်ရည်မြင့်မားသင်တန်းများကိုပေးလျှက်ရှိသည်။ အမျိုးသမီးများ၏စွမ်းဆောင်ရည်မြင့်မားလာမှသာ ​နိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသားများနှင့် တန်းတူ ညီမျှစွာပါဝင်ဆောင်ရွက်လာနိုင်မည်ဖြစ်သလို အိမ်တွင်းအကြမ်းဖက်မှုများ ၊ အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံခံရမှုများ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုများ ပပျောက်လာမည်။